Cart

ကော်ဖီဆိုင်ထဲဝယ်

6000.00 MMK

Author: မျိုးဇော်ဝင်း
ID: #911 Pages: 176

- မူရင်းစာ​ရေးသူ Toshikazu Kawaguchi ရဲ့ ​ကော်ဖီစီးရီးစာအုပ်​တွေထဲက တစ်အုပ်ဖြစ်ပါတယ်။ သူ့စာအုပ်​တွေဟာ ကမ္ဘာတစ်ဝန်း အုပ်​ရေသန်းချီ ​ရောင်းချခဲ့ရတယ်။ - ဒီစာအုပ်ထဲမှာ​တော့ တိုကျိုမြို့ရဲ့ လမ်းကြိုလမ်းကြား တစ်နေရာက မြေအောက်ကော်ဖီဆိုင်လေးထဲက စိတ်ဝင်စားဖွယ် အချိန်ခရီးသွားအ​ကြောင်း ဇာတ်လမ်းဖွဲ့ထားပါတယ်။ - အချိန်ခရီးသွားနိုင်တယ်လို့ နာမည်ကြီးတဲ့ "ဖူနီကူလီ ဖူနီကူလာ" ဆိုတဲ့ ကော်ဖီဆိုင်တစ်ဆိုင် ရှိတယ်။ အတိတ်ကိုဖြစ်စေ၊ အနာဂတ်ကိုဖြစ်စေ သွားနိုင်တယ်။ ဒါ​ပေမဲ့ သွားချင်သူ​တွေ လိုက်နာရမယ့် စိတ်ပျက်စရာ စည်းမျဉ်းတချို့ ရှိနေတယ်။ - ဒါ​ပေမဲ့ ဘယ်​လောက်ပဲ စိတ်ပျက်ဖို့​ ကောင်း​ကောင်း၊ ဘယ်​လောက်ပဲ တင်းကျပ်တဲ့ စည်းကမ်း ရှိရှိ၊ ဘယ်​လောက်ပဲ ​ဘေးအန္တရာယ် များများ အချိန်ခရီးသွားချင်သူတွေက​တော့ အမြဲ ရှိ​နေခဲ့တယ်။ - သူ့ရဲ့စည်းမျဥ်း​တွေက ဘာ​တွေလဲ၊ ဘယ်သူ​တွေက အချိန်ခရီးသွား ဖြစ်ချင်​နေကြတာလဲ၊ သူတို့ ဘာ​ကြောင့်သွားချင်ကြတာလဲ အစရှိတဲ့ ကော်ဖီဆိုင်ထဲက စိတ်ဝင်စားဖွယ် ဇာတ်လမ်း​တွေကို ဖတ်ကြည့်ကြပါဦး။

အဆင့်နှင့်မှတ်ချက်များ

User reviews