Cart

နှင်းငွေတထောင့် မိုးတမှောင့်

9800.00 MMK

Author: တက္ကသိုလ်ဘုန်းနိုင်
ID: #802 Pages:

ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ နာမည်​ကျော်လက်ရာဖြစ်ပြီး စိတ်ပညာအခြေပြု ဝတ္ထုတစ်ပုဒ်ဖြစ်ပါတယ်။ ၁၉၇၃ ခုနှစ်က အမျိုးသားစာပေဆု ရရှိခဲ့တဲ့ ယခုစာအုပ်မှာ အရေးပိုင်သမီး စင်သီယာ၊ စိတ်ပညာဌာနကထိက ဦးမြင့်နွယ်၊ စိတ်​ကြောင့် ​ရောဂါဖြစ်​နေရတဲ့ မိန်းမပျို​လေးမွန်မွန်ဆိုတဲ့ဇာတ်​ကောင်​တွေနဲ့ ဖွဲ့တည်ထားပါတယ်။ ဆင်းရဲတဲ့ မိခင်မုဆိုးမရဲ့သား ပညာထက်မြက်သူ ​မောင်မြင့်နွယ်က လှတဲ့၊ ​ခေတ်ဆန်တဲ့ စင်သီယာကို ချစ်မိခဲ့တယ်။ သူ့ရဲ့ ချစ်ခြင်းက အရာ​ရောက်မှာလား၊ ​လေထဲမှာ​ဆောက်မိတဲ့ အိမ်က​လေးလား။ အနှစ်နှစ်ဆယ်ကြာ​တော့ ​မောင်မြင့်နွယ်က တက္ကသိုလ်ကထိကဦးမြင့်နွယ်ဖြစ်လာတယ်။ အဲဒီမှာ မွန်မွန်ဆိုတဲ့မိန်းက​လေးနဲ့​တွေ့ပြီး မွန်မွန့်စိတ်ကို ကုစား​ပေးဖို့ အ​ကြောင်းဖန်လာတယ်။ မွန်မွန်က ဘယ်ကလဲ၊ ဘယ်သူလဲ။ ဒီပ​ဟေဠိ​တွေကို အ​ဖြေညှိဖို့ ဒီဇာတ်လမ်းကို ဖတ်ကြည့်ကြပါစို့။

အဆင့်နှင့်မှတ်ချက်များ

User reviews