14000.00 MMK
Author:
တက္ကသိုလ်ဘုန်းနိုင်
ID: #1107
Pages: 352
မြို့ပိုင်သားနှင်းငွေနဲ့ ကျိန်စာသင့်အိမ်ကြီးမှာ နေထိုင်သူ နုနုငယ်တို့ရဲ့ ချစ်ခြင်းမေတ္တာတွေကို ဖွဲ့ဆိုထားတဲ့ဇာတ်လမ်းတစ်ပုဒ်။ သာစည်နားက ရွာမွန်သာရွာလေးကိုနောက်ခံပြုရေးဖွဲ့ထားပြီး ကျိန်စာသင့်အိမ်ကြီးထဲကလူတွေ အကြောင်းမဲ့ ပျောက်ပျောက်သွားကြတဲ့ ထူးဆန်းဖွယ်အဖြစ်အပျက်။ ရွာမွန်သာရွာသူရွာသားတွေက အဲဒီအိမ်ကြီးကို ဝေးဝေးက ရှောင်ကြတယ်။ နှင်းငွေဟာ ဒီထူးဆန်းတဲ့အိမ်ကြီးရဲ့ ပဟေဠိကို ဖြေရှင်းနိုင်မှာလား။ - ညီမလေးရယ်စိုးရိမ်မိတယ်၊ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင်၊ စိမ်းနေဦးမည့်ကျနော့်မြေ၊ နှင်းငွေတထောင့် မိုးတမှောင့်၊ တပြည်သူမရွှေထား အစတဲ့ ရသဝတ္တုရှည်များစွာကို ဖန်တီးရေးဖွဲ့ခဲ့သူ ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့ ရသမြောက်လက်ရာတစ်ပုဒ်ကို လွမ်းမောဖွယ် ဖတ်ရှုရပါမယ်။