8000.00 MMK
Author:
ဦးအေးမောင်
ID: #955
Pages: 237
- ကိုယ်ကျင့်တရားနဲ့ ဆိုင်တဲ့ အတွေးအခေါ်၊ လူသတ္တဝါတို့ရဲ့ သဘာဝနဲ့ စိတ်ဓာတ်၊ စရိုက်တို့ကို အနောက်တိုင်း စိတ်ပညာရှင်တို့က သုံးသပ်ရေးသားခဲ့ကြပါတယ်။ ဒီစာအုပ်က အဲဒီရေးသားချက်တွေကို မှီငြမ်းပြီး ရှင်းလင်းတင်ပြထားတဲ့စာအုပ်ဖြစ်ပါတယ်။ - လူသားတို့ ခံယူကျင့်သုံးနေကြတဲ့ ကိုယ်ကျင့်တရားအကြောင်း၊ နှုတ်အမူအရာ၊ စိတ်အမူအရာနဲ့ပတ်သက်ပြီး ဆင်ခြင် သုံးသပ်ခဲ့ကြတဲ့ ကိုယ်ကျင့်အဘိဓမ္မာပညာရှင် အဆက်ဆက်တို့ရဲ့ အတွေးအခေါ်တွေနဲ့ ခံယူချက်တွေကို အကျဉ်းဖော်ပြထားပါတယ်။ - ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီး လူ့စိတ်သဘာဝရဲ့ ခံယူချက်၊ လေ့လာတွေ့ရှိချက်တွေအပြင် အမှားအမှန်၊ အကောင်းအဆိုးကို ခွဲခြားသိမြင်တဲ့အတိုင်း လိုက်နာကျင့်သုံးတတ်ဖို့အတွက် အကျင့်သီလနဲ့သက်ဆိုင်တဲ့ မြတ်ဗုဒ္ဓရဲ့ ဆုံးမသြဝါဒတွေကိုလည်း ရှာဖွေတင်ပြထားတဲ့ စာအုပ်ကောင်းတစ်အုပ်လို့ ဆိုချင်ပါတယ်။