18000.00 MMK
Author:
ညီပုလေး
ID: #992
Pages: 614
"ဟုတ်တယ်ဆရာ၊ သူတို့လူ လည်ပင်း ပုံမှန်ပြန်ဖြစ်ရင်တော့ ဆရာဟာ လူ မဟုတ်ဘူး၊ နတ်ပဲ ဖြစ်ရမယ်တဲ့။ ဒါပေမဲ့ သူတို့လူ ခြေချော်လက်ချော် တစ်ခုခု ဖြစ်သွားရင်တော့ ဆရာ့ခေါင်းကို သူတို့ ယူသွားကြမှာတဲ့" - ဒေါက်တာသိန်းလှိုင်ဟာ နာဂတောင်တန်းဒေသမှာ အဖြစ်များနေတဲ့ လည်ပင်းကြီးရောဂါနဲ့ အခြားခွဲစိတ်လူနာတွေကို "ကိုယ့်အသက်ကိုယ် အပေါင်ထားကာ" အောင်မြင်စွာ ခွဲစိတ်ကုသပေးခဲ့သူ ဖြစ်ပါတယ်။ - နတ်ကိုးကွယ်မှု ထုံးဓလေ့ရှိတဲ့ နာဂဒေသမှာ ခွဲစိတ်ကုသမှု မခံလိုတဲ့ နာဂလူမျိုးတွေကို နားလည်အောင်သိမ်းသွင်းစည်းရုံးပြီး ပျောက်ကင်းအောင် ကုသခဲ့ရပါတယ်။ - နာဂတွေက သူတို့ကိုးကွယ်တဲ့ နတ်ဆရာထက်အစွမ်းထက်သူမို့ ဒေါက်တာသိန်းလှိုင်ကို "နာဂနတ်" လို့ ခေါ်ဆိုကြပြီး နတ်တစ်ပါးအလား ယုံကြည်ကိုးကွယ်ခဲ့ကြပါတယ်။ နာဂသိန်းလှိုင်လို့လည်း အမည်တွင် ကျော်ကြားခဲ့ပါတယ်။ - အဲဒီလို ထူးခြားစိတ်ဝင်စားဖွယ်ကောင်းတဲ့ ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာသိန်းလှိုင်ရဲ့ဘဝဖြတ်သန်းမှု အတွေ့အကြုံတွေကို ရသမြောက်အောင်ရေးဖွဲ့ထားတဲ့ ဒီစာအုပ်က ၂၀၁၆ ခုနှစ် အမျိုးသားစာပေဆု ဝတ္ထုရှည်ဆုရခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။