14000.00 MMK
Author:
ရီးလ်
ID: #1048
Pages: 380
နာမည်ကျော် စာရေးဆရာ Guillaume Musso ရဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့၊ ဆန်းကြယ်တဲ့ အချစ်ဝတ္ထုတစ်ပုဒ်ဖြစ်ပါတယ်။ - ဒီဇာတ်လမ်းကို တောင်ကိုရီးယားမှာ ရုပ်ရှင်အဖြစ်ရိုက်ကူးတော့လည်း အောင်မြင်ခဲ့ပါတယ်။ - အသက် ခြောက်ဆယ်အရွယ် အလွန်တော်တဲ့ ခွဲစိတ်ဆရာဝန်ကြီးတစ်ဦးဖြစ်သူ အီးလီးယော့ဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ အလွန်ခေါင်တဲ့ တောနက်ထဲက ရွာလေးတစ်ရွာမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်နဲ့ ရောက်ရှိနေခဲ့တယ်။ - သူက ကမ္ဘောဒီးယားကလေးငယ်တစ်ဦးကို ခွဲစိတ်ပေးခဲ့လို့ အဘိုးကြီးတစ်ဦးက သူ့ကို ကျေးဇူးဆပ်တဲ့အနေနဲ့ "အဖြစ်ချင်ဆုံးအရာကဘာလဲ" ဆိုတဲ့ မေးခွန်းတစ်ခုကို မေးခဲ့တယ်။ သူက သူသိပ်ချစ်ရတဲ့၊ လွန်ခဲ့တဲ့ နှစ်သုံးဆယ်က ဆုံးသွားခဲ့တဲ့ အမျိုးသမီးတစ်ယောက်နဲ့ ပြန်တွေ့ချင်တယ် လို့ ပြောတော့ အဘိုးကြီးက သူ့ကို လွန်ခဲ့တဲ့ နှစ်သုံးဆယ်ဆီ ဆယ်ခါပြန်သွားနိုင်တဲ့ ရွှေရောင်ဆေးလုံးလေး ဆယ်လုံး ပေးတယ်။ - အီးလီးယော့တစ်ယောက် အတိတ်ကို ရှောရှောရှူရှူ ပြန်သွားနိုင်ပါ့မလား၊ အရွယ်မတိုင်ခင် သေဆုံးခဲ့ရတဲ့၊ သူ့ချစ်သူကို ကယ်တင်နိုင်ပါ့မလားဆိုတာကို ဒီအချိန်ခရီးသွားဇာတ်လမ်းမှာ ဖတ်ရှုရပါမယ်။