Cart

အကောင်းဆုံးကြိုးစားပြလိုက်ပါ

12000.00 MMK

Author: လူသာ
ID: #1510 Pages: 160

- ဒီစာအုပ်လေးကနေ အသစ်အဆန်းတွေ လေ့လာသွားရမှာ မဟုတ်ပါဘူး။ မေ့ပျောက်သလို ဖြစ်နေတဲ့ အသိတရားလေးတွေ ပြန်သတိရအောက်မေ့သွားနိုင်အောင် အထောက်အကူပြုရုံ ရည်ရွယ်ချက်နဲ့ အတွေးအမြင်စုစည်းထားချက် စာအုပ်လေးသာဖြစ်ပါတယ်။ - အသိလွတ်သွားတာနဲ့ မေ့ပျောက်သလို ဖြစ်ချင်တဲ့ အသိတရားလေးတွေ သတိပြန်လည်လာအောင် အသိဖာထေးရေး အထောက်အကူပြု စာအုပ်ဖြစ်ပါတယ်။ ဘဝတိုးတက်ရာ တိုးတက်ကြောင်း၊ ကြီးပွားဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုကြောင်း ရည်ရွယ်ပြီး ရေးထားတာ မဟုတ်ပါဘူး။ - ဘဝရုန်းကန်ရှင်သန်ရေးအတွက် အသိလှည့်ထားရင်းကနေ ပျောက်ဆုံးသလို ဖြစ်သွားတဲ့ အသိတရားလေးတွေ ခေါင်းထဲ ပြန်ရောက်လာအောင် စေ့ဆော်ပေးရုံမျှ အကူအညီဖြစ်ရေး ရေးထားတဲ့ စာအုပ်လေးရယ်ပါ။ - ဒီစာအုပ်လေးကို အစကနေ အဆုံး ဖတ်စရာ မလိုပါဘူး။ စိတ်ရှိတိုင်း ကြိုက်တဲ့ စာမျက်နှာ ကောက်လှန်ပြီး ဖတ်ချင် ဖတ်လို့ ရပါတယ်။ တကြောင်းဖတ်ဖတ်၊ တမျက်နှာဖတ်ဖတ်၊ တပိုင်းဖတ်ဖတ် ဘယ်လောက်ပဲ ဖတ်ဖတ်၊ သတိမေ့သလိုဖြစ်နေခဲ့သမျှ အသိစ အတွေးစလေးတွေ ပြန်ဆွဲယူနိုင်သွားရင်ပဲ ရပါတယ်။ - အများကြီး ဖတ်စရာ မလိုပါဘူး။ တထိုင်တည်း တအုပ်လုံး ဖတ်လိုက်စရာ မလိုပါဘူး။ နည်းနည်းလောက်ဖတ်ပြီး အတွေးနယ်ချဲ့သွားလို့ ရလောက်တဲ့ အတွေးစလေးတခု ရသွားရင်ပဲ ရပါတယ်။ - တရက်တည်း အကုန်ဖတ်ပြီး တထိုင်တည်း တွေးနေစရာ မလိုပါဘူး။ ခနလောက်ဖတ်၊ အချိန်ရသလောက် ပြန်တွေး။ ပြီးရင် စာအုပ်ကို ခနလောက် ပြန်သိမ်းထားလိုက်ပါ။ နောက်တနေ့ကျမှ ဖတ်ချင်စိတ် ပေါက်လာတုန်း ခနလောက် ယူဖတ်။ အရင်လို ပြန်တွေး။ - အဲဒီလို အမြဲလုပ်နေရုံနဲ့တင် အားရစရာ အလုပ်ကြီးအကိုင်ကြီးတွေနဲ့ အားကျစရာ ဘဝပုံစံကို တည်ဆောက်ပုံဖော်နိုင်တဲ့ ကြီးကျယ်ခမ်းနားသူတွေ ဖြစ်နိုင်ဖို့ ဒီစာအုပ်လေးက အထောက်အကူပြုနိုင်ပါလိမ့်မယ်။ _စာရိပ်မြိုင်

အဆင့်နှင့်မှတ်ချက်များ

User reviews