Cart

အာရုံစူးစိုက်နိုင်စွမ်းကို ပိုင်နိုင်စွာမြှင့်တင်လိုက်ပါ

18000.00 MMK

Author: လူသာ
ID: #1517 Pages: 240

- ကိုယ်ဖြစ်ချင်သလို ဖြစ်မလာလို့ ဟိုဟာပြောင်းလုပ်လိုက်၊ ဒီဟာပြောင်းလုပ်လိုက်နဲ့ လမိုင်းမကပ်နိုင်ဘဲ ဖြစ်နေလား။ - လုပ်လက်စအလုပ်ကိုလုပ်ရမှာမှန်း သိပေမဲ့လည်း၊ အကြောင်းအမျိုးမျိုးကြောင့် အာရုံစိုက်လို့မရနိုင်ဘဲ ဖြစ်နေလား။ အခုတစ်မျိုး ခဏနေတစ်မျိုး အခုတော့ ဒါလုပ်နေတာပဲ၊ ဒါပေမဲ့ ခဏလောက်နဲ့တင် ဟိုဟာလိုလို ဒီဟာလိုလို ကဘောက်တိကဘောက်ချာ ဖြစ်နေလား။ ဟိုဟာလုပ်လည်း မဖြစ်၊ ဒီဟာလုပ်လည်းမဖြစ် ကြာလာတော့ ကြိုးစားသလောက် အလုပ်မတွင်တာတွေ များလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပျောက်ဆုံးချင်သလိုတောင် ဖြစ်လာနိုင်ပါတယ်။ - မသိရင် ကိုယ့်ရှေ့မှာ တစ်ခုခုက လာပိတ်နေသလိုမျိုး၊ အတားအဆီးတွေ များလွန်းနေသလိုမျိုး ခံစားချက်တွေ ဖြစ်လာနိုင်ပါတယ်။ ကိုယ်နဲ့မတူ တခြားလူတွေကျတော့ ကိုယ့်ထက်မက အောင်မြင်နေကြပြီး၊ ကိုယ့်မှာတော့ ကြိုးစားသလောက် အလုပ်မဖြစ်နိုင်၊ ရုန်းသလောက် မရွေ့သလိုကြီး ခံစားလာရတဲ့အခါ စိတ်မကောင်း အကြီးအကျယ် ဖြစ်ကြရမှာပါ။ - အပြိုင်အဆိုင်အလွန်များသလို၊ စိတ်အနှောင့်အယှက်ဖြစ်စရာ အလွန်များတဲ့ ဒီနေ့လိုခေတ်ကြီးမှာ စိတ်အာရုံစူးစိုက်မရဘဲ စိတ်သောကများသလို စိတ်ဖိအားများသလို ခံစားလာရတာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောသဘာဝတွေပါ။ - မသိလို့ထက် သတိမထားမိလို့ မယူသင့်တဲ့ အာရုံတွေကြောင့် အာရုံများနေရပြီး အရေးပါတာတွေအပေါ် အာရုံစူးစိုက်နိုင်ရေး အတော်လေး ခက်ခဲနေရင်၊ အလေးထားသင့်တာတွေကို အရေးတယူ လုပ်နိုင်ရေး လက်တွေ့အသုံးချလို့ရနိုင်မယ့် လမ်းညွှန်တွေ၊ လေ့ကျင့်ခန်းတွေ၊ နည်းဗျူဟာတွေကို အခုစာအုပ်မှာ ပြည့်ပြည့်စုံစုံ ဂဃနဏ လေ့လာနိုင်မှာဖြစ်ပါတယ်။ - အရေးပါတာတွေအပေါ် အာရုံစူးစိုက်နိုင်မှုဆိုတာက ကိုယ့်မှာရှိတဲ့ အရေးကြီးဆုံးသော ကိုယ်ရည်ကိုယ်သွေး "ပိုင်ဆိုင်မှု" ဖြစ်ပါတယ်။ လုယူလို့ မရနိုင်ပေမဲ့၊ လွယ်လင့်တကူ ပျောက်ဆုံးသလို ဖြစ်နိုင်တာကြောင့်၊ ကိုယ့်အပိုင်ကို ပျောက်ရှသွားတာမျိုးမဖြစ်အောင် ဒီစာအုပ်ထဲက လက်တွေ့လမ်းညွှန်ချက်တွေကို အသုံးချပြီး အာရုံစူးစိုက်နိုင်စွမ်းတွေကို ပိုင်နိုင်စွာမြှင့်တင်လိုက်ပါ။

အဆင့်နှင့်မှတ်ချက်များ

User reviews