Cart

မင်းဧကရာဇ်၏ ​အောင်မြင်မှုလျှို့ဝှက်ချက်များ

18000.00 MMK

Author: ဇော်ဝင်းကြူ (ပျဉ်းမနား)
ID: #1512 Pages: 199

"အထူးချွန်၊ အထက်မြက်ဆုံး တရုတ်ဧကရာဇ်တန်တိုင်​ဇောင်း၏ ​အောင်မြင်​ရေးလျှို့ဝှက်ချက်များ" တရုတ်နိုင်ငံသမိုင်းမှာ သက်တမ်းအရှည်ဆုံးဖြစ်တဲ့ တန်မင်းဆက်ကာလ (၆၁၈-၉၀၇) ကို တရုတ်နိုင်ငံရဲ့ ရွှေခေတ်အဖြစ် သမိုင်းပညာရှင်တွေက ဂုဏ်ပြုခေါ်ဝေါ်ခဲ့ကြပါတယ်။ တန်နန်းဆက်ကို ပူးတွဲတည်ထောင်ခဲ့သူ ဧကရာဇ်ဘုရင်တန်တိုင်ဇောင်းဟာ သမိုင်းမှာ အကြီးမြတ်ဆုံးဧကရာဇ်တစ်ပါး ဖြစ်ပါတယ်။ သြဂတ်စ်တပ်၊ ဂျင်ဂျစ်ခန်၊ နပိုလီယံတို့ရဲ့အဆင့်အတန်းမှာရှိတဲ့အပြင် တချို့ကိစ္စတွေမှာ သူတို့ရဲ့အောင်မြင်မှုတွေထက်တောင် သူက သာလွန်ခဲ့ပါတယ်။ တန်တိုင်ဇောင်းရဲ့ခေါင်းဆောင်မှုအောက်မှာ တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံးနဲ့ ခွန်အားအတောင့်တင်းဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ တန်တိုင်ဇောင်းနဲ့ ပင်ကိုစွမ်းရည်တွေ အသီးသီးရှိကြတဲ့ သူ့ရဲ့ဝန်ကြီးတွေဟာ အစိုးရကိုအကောင်းဆုံးဖြစ်အောင် ဘယ်လိုစီမံကွပ်ကဲပြီး နန်းဆက်ရှည်အောင် ဘယ်လိုလုပ်ကြမယ်ဆိုတာတွေနဲ့ပတ်သက်ပြီး ဆွေး နွေးပွဲတွေအများကြီး လုပ်ခဲ့ပါတယ်။ သူတို့ရဲ့ပြောဆိုဆွေးနွေးမှုအများစုကိုမှတ်တမ်းတင်ထားခဲ့ကြပါတယ်။ အဲဒီမှတ်တမ်းစာအုပ်ဟာ ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှု၊ နိုင်ငံရေးဦးဆောင်မှုတွေနဲ့ပတ်သက်ပြီး ဂန္ထဝင်စာအုပ်တစ်အုပ်ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် စီးပွားရေး၊ ပညာရေး၊ လူမှုရေး စသဖြင့် ဘယ်နယ်ပယ်ရပ်ဝန်းမှာမဆို ဦးဆောင်သူနေရာမှာ ရှိနေသူတွေ၊ ဦးဆောင်သူနေရာသို့ တက်လှမ်းချင်သူ တွေအနေနဲ့ တန်တိုင်ဇောင်းအပါအဝင် တန်မင်း ဆက် အထင်ကရပုဂ္ဂိုလ်တို့ရဲ့ အတွေးအခေါ်၊ ဉာဏ်ရည်၊ ကိုယ်ကျင့်သီလ၊ ဆုံးဖြတ်ချက်၊ စွမ်းဆောင်ချက်၊ စီမံခန့်ခွဲမှု စတဲ့ အခြင်းအရာတွေကို ဒီစာအုပ်ကတစ်ဆင့် အတုယူ နည်းနာယူနိုင်မှာ ဖြစ်ပါတယ်။

အဆင့်နှင့်မှတ်ချက်များ

User reviews